Computer အတွက် ညီလေး Nyi Nyi Aung ( Harris ) ဖန်တီးခဲ့ တဲ့  Knowledge Box ကို
တစ်ချို့ တွေ ရင်းနှီးပြီးသားပါ
တစ်ချို့ တွေ ရင်းနှီးပြီးသားပါ
ဒီ Application လေးက အဲဒီ Knowledge Box ကို နောက်ထပ်အကြောင်းအရာ နဲနဲ ဖြည့်ပြီး ဖုန်းထဲကနေပဲ ဖတ်လို့ ရအောင် ပြန်ဖန်တီးထားတာပါ ဖိုင်ဆိုဒ် 1.7MB ပဲ ရှိပါတယ်
ဖုန်းနဲ့ပဲ ဖန်တီးထားတာဖြစ်တဲ့အတွက်
လိုအပ်ချက်များစွာရှိပါလိမ့်မယ်
အခု Version မှာတော့  App ကို အရင် Version ထက် ကြည့်ကောင်းမယ့်ပုံစံကို ကြိုးစားလုပ်ထားပါတယ်
ညီလေး Shine Min Khant ရဲ့  အကြံပေးချက်အရ Text File ဖတ်တဲ့ အခါ အရင် Version လိုမဟုတ်ဘဲ ဖတ်ရတာအဆင်ပြေအောင် ပြန်ပြင်ပေးထားပါတယ် Icon တွေ ရှုပ်နေမှာစိုးလို့  ပြန်ဖြုတ်ပစ်လိုက်ပါတယ်
ဒီ Application လေးထဲမှာ
Computerဆိုင်ရာ,Mobile ဆိုင်ရာ, အခြား
IT ဗဟုသုတများနဲ့ ကျော်ကြားသူတစ်ချို့ရဲ့
အတ္ထုပတ္တိအကျဉ်း စတဲ့
အကြောင်းအရာဗဟုသုတပေါင်း၂၅၀ ခု ပါ ပါတယ်
Text File အရမ်းများတဲ့အတွက် App ကို
စဖွင့်ဖွင့်ချင်းမှာ နဲနဲကြာပါတယ်
၁၅ စက္ကန့်လောက် သည်းခံပြီး စောင့်ပေးပါ
App ထဲကိုရောက်သွားရင်တော့
အဆင်ပြေပြေဖတ်လို့ရပါပြီ
ဒီ Application လေး ဖြစ်လာခဲ့တဲ့အတွက်
ပထမဆုံးအနေနဲ့ BMP IDE ကို ဖန်တီးပေးခဲ့တဲ့ Ko Nyi Nyi Lwin နဲ့ ညီလေးHtoo Phyoe ကို ကျေးဇူးတင်ပါတယ်
နောက် Knowledge Box ( For Computer ) ကို ဖန်တီးခဲ့တဲ့ ညီလေးNyi Nyi Aung( Harris ) ကိုလဲ text ဖိုင်တွေ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
နောက် ဒီထဲက Text ဖိုင်အများစုက ၀င်းကမ္ဘာကျော်ဆိုဒ်က ယူထားတာဖြစ်တဲ့အတွက်
ကိုကြီး Win Kabarkyawကိုလဲ ကျေးဇူးတင်ပါတယ်
နောက် မသိတာရှိလို့မေးတိုင်း စိတ်ရှည်ရှည်ရှင်းပြပေးကြတဲ့ ညီလေးတွေဖြစ်တဲ့ Shine Min Khant ,
Aunt Htoo Aung, Aung Ko နဲ့ Thu Ya တို့အပါအ၀င် BMP ဆိုင်ရာ အမေးအဖြေ ဂရု မှ ၀ါသနာတူ Member တွေကိုလဲ ကျေးဇူးတင်ပါတယ်
ကွန်ပြူတာဆိုင်ရာ မေးမြန်းနိုင်သော ဂရု က မှတ်ထားသင့်တဲ့ Comment တွေကိုမှတ်သားပြီး ပြန်ထည့်ထားတာမို့ Orginal Comment ပိုင်ရှင်များ နဲ့ Member များကို ကျေးဇူးတင်ပါတယ် Credit လဲ ပေးပါတယ်
နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်
ဒေါင်းမရဘူး ပြောမှာစိုးလို့
လင့်ခွဲပြီးတင်ပေးထားပါတယ်
လှလှပပ ဒီဇိုင်းမဆွဲတတ်လို့ 
အတတ်နိုင်ဆုံး ကြည့်ကောင်းမယ့်
ပုံစံလေး ကြိုးစားပြီးလုပ်လိုက်ပါတယ်
အသိပညာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ.....
အောက်ဆုံးမှာ ဒေါင်းလုတ်ဆွဲနိုင်ပါပြီ
Download ဆွဲတဲ့ အခါ ဖြစ်နိုင်ရင် Mediafire ကနေ ဆွဲပေးပါခင်ဗျ
ဘယ်နှစ်ယေက် Download ဆွဲတယ်ဆိုတာ သိချင်လို့ ပါ
Download ဆွဲလို့ မရခဲ့ရင် Facebook Chat Box ကနေ ကျွန်တော့်ကိုပြောနိုင်ပါတယ်
လိုအပ်ချက် Error တစ်စုံတစ်ခုရှိခဲ့သော်
ပက်ပက်စက်စက်ဝေဖန်နိုင်ပါကြောင်း





No comments:
Post a Comment
အသိပညာ ဗဟုသုတများ တိုးပွားနိုင်ကြပါစေခင်ဗျာ....